Views: 239


ကျောင်းနောက်ခံသမိုင်းကြောင်းများ
အစိုးရနည်းပညာအထက်တန်းကျောင်း(မြင်းခြံ)အား၂၀၁၀ခုနှစ်၊ဇွန်လ(၁)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၅ခုနှစ်၊ဇွန်လ (၂)ရက်နေ့တွင် စက်မှုဝန်ကြီးဌာနမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသို့ လွှဲပြောင်းလက်ခံခဲ့ပါသည်။အစိုးရနည်းပညာအထက်တန်းကျောင်း(မြင်းခြံ)သည် မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ မြင်းခြံမြို့၊အမှတ်(၁)သံမဏိ စက်ရုံအနီးတွင် တည်ရှိပါသည်။ ကျောင်း၏မြေဧက အကျယ်အဝန်းမှာ (၈.၂၃)ဧကကျယ်ဝန်းပါသည်။ ယခုလက်ရှိတွင်ကျောင်းအုပ်ကြီးအဖြစ် ဦးမျိုးမင်းသန်း (ME-Mechanical (Russia) မှတာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(မြင်းခြံ)တွင် လစဉ်ပညာသင်ထောက်ပံ့ကြေးအဖြစ် နိုင်ငံတော်မှ ကျောင်းသား(၁)ဦးလျှင် ၁လ (၃၀၀၀၀)ကျပ် ထောက်ပံ့ပေးလျှက်ရှိပါသည်။ပညာသင်ယူနေစဥ်အတွင်း လက်တွေ့ကျွမ်းကျင်မှု လုပ်ငန်းအတွေ့အကြုံရရှိစေရန် သက်ဆိုင်ရာသင်တန်းအလိုက် ပုဂ္ဂလိကလုပ်ငန်းအချို့တွင် ဝင်ရောက်လေ့လာသင်ယူနိုင်စေရေးအတွက်လည်း ဆောင်ရွက်ပေးပါသည်။ နွေရာသီကျောင်းပိတ်ရက်များတွင်လည်း ကာလတိုသင်တန်းများသင်ကြားပေလျှက်ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်ပြီးဆုံးသည့်အခါ (ထူးချွန်) စွာအောင်မြင်သောကျောင်းသားများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(GTI) ကျောင်းများသို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ကျောင်းပြီးဆုံးလျှင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက်လည်း ပုဂ္ဂလိကလုပ်ငန်းအချို့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ဆဲဖြစ်ပါသည်။
Good Job!